 
                            
                                ထိုင်းနိုင်ငံ ရဲ့နာမည်ကြီးတက္ကသိုလ်တွေမှာ Environmental scienceနဲ့ Bachelor degree တွေ
                                Master degree တွေတက်မယ်ဆိုရင်
                                
                                ထိုင်းနိုင်ငံမှာ Environmental science နဲ့ပတ်သတ်ပြီး
                                
                                Mahidol University 
                                Chulalongkorn University 
                                Chiang Mai University 
                                Asian Institute Of Technology (AIT) (For master and Phd) University တွေမှာ
                                တက်တော့မယ်ဆိုရင်ဘာတွေ ပြင်ဆင်ထားရမလဲ ဘာတွေလိုအပ်မလဲ ဘယ်လိုScholarship တွေရှိနိုင်လဲ
                                ကုန်ကျမှုကရော ဘယ်လောက်ရှိမလဲ ပြောပေးသွားပါမယ်။
                                
                                ပထမဦးဆုံး Mahidol university မှဆိုရင် Bachelor of environmental scienceကို
                                ၄နှစ်သင်ယူရမှာဖြစ်ပြီးတော့ Master degreeတွက်ဆိုရင်တော့ ၂နှစ်ကြာမြင့်မှာဖြစ်ပါတယ် ။
                                Bachelor degreeတွက်ဆိုရင် အဓိက ဆယ်တန်းအောင်ထားရမှာဖြစ်ပြီး University ဒုတိယနှစ်နဲ့
                                ညီမျှတဲ့ ၁၂တန်းပညာရေးရှိထားရမှာဖြစ်ပါတယ်။
                                
                                အထက်တန်းပညာရေးမအောင်မြင်သေးသူတွေအတွက်ကတော့ GED/IGCSE စတဲ့
                                နိုင်ငံတကာအသိမှတ်ပြုအောင်လက်မှတ်များရှိထားဖိုလိုအပ်ပါတယ် ။ တစ်ခြားလိုအပ်ချက်အနေနဲ့
                                Language profeciency test scoreကောင်းကောင်းရှိထားဖိုလည်းလိုအပ်ပါတယ်။ Master degree
                                တွက်ဆိုရင်တော့University တစ်ခုခုကနေ Bachelor degreeတစ်ခုခုရှိထားဖိုလိုပါတယ် ။
                                တစ်ခြားလိုအပ်တာတွေကတော့ working experiences နဲ့ English profeciency test score
                                တိုပဲဖြစ်ပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့ Bachelor program တွက်တစ်နှစ်ကို ပျှမ်းမျှ
                                ဒေါ်လာ၈၀၀၀ကျော် Master program တွက်programတစ်ခုလုံးစာ ပျှမ်းမျှ ဒေါ်လာ၁၅၀၀၀ကျော်
                                လောက်ထိကုန်ကျနိုင်ပါတယ်။
                                
                                အဓိကလိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
                                
                                High school diploma certificates/Transcripts 
                                Complete Bachelor degree certificate/Uni transcripts 
                                GED/IGCSE 
                                IELTS overall 6.0 above/TOEFL 79 iBTတိုလိုအပ်ပါတယ်
                                
                                Chulalongkorn Universityမှာဆိုရင်လည်း Bachelor of environmental science and master of
                                environmental science program တွေကို တက်လိုရနိုင်ပြီ Bachelor programတွက်ဆို
                                လေးနှစ်ကြာမြင့်ပြီး Master programတွက်ဆို နှစ် နှစ်ကြာမြင့်ပါတယ် ။ကုန်ကျစရိတ်အနေနဲ့ကတော့
                                Bachelor degreeတွက် တစ်နှစ်ကို ပျှမ်းမျှ ဒေါလာ ၁၀၀၀ကျော်နှင့် master degree တွက်ဆို
                                တစ်နှစ်ကို ပျှမ်းမျှ ဒေါ်လာ၂၀၀၀ကျော်ကုန်ကျနိုင်ပါတယ်။
                                
                                Environmental science programတွက်ဆိုရင် Chiang mai universityကိုလည်းမေ့ထားလိုမရပါဘူး ။
                                ဒီကျောင်းမှာဆိုရင်လည်း bachelor and master programနှစ်ခုလုံးတက်လိုရနိုင်ပြီး
                                တစ်နှစ်ကိုပျှမ်းမျှ ဒေါ်လာ ၂၀၀၀ကျော်လောက်ကုန်ကျနိုင်ပါတယ်
                                
                                နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံ Asian Institute of technology(AIT)ရဲ့
                                Programအကြောင်းလေးကိုရှင်းပြပေးပါမယ် ။ဒီကျောင်းမှာဆိုရင် Environmental science
                                programကို master and Phd level တွေအတွက်တက်ရောက်နိုင်မှာဖြစ်ပြီးတော့ တစ်နှစ်ကိုပျှမ်းမျှ
                                ဒေါ်လာ ၁၀၀၀ကျော်ကုန်ကျနိုင်ပါတယ် ။
                                
                                Admission requirements တွေအနေနဲ့ကတော့ ကျနော် အပေါ်မှာဖော်ပြခဲ့တဲ့ အတိုင်းပဲဖြစ်ပါတယ်။
                                
                                လျှောက်ထားခွင့်ပေးထားတဲ့ Schlorship တွေကရော
                                
                                Child's dream scholarship 
                                Thailand Government Scholarship(TIPP) 
                                Royal Thai Government Scholarship စတဲ့ Programတွေလည်းရှိပါတယ်။
                                
                                Scholarship programတွေဘယ်လိုလျှောက်မလဲဆိုတာကို 
                                     ဒီနေရာမှာ
                                     ဖတ်နိုင်ပါတယ်။
                                
                                
                                Written by : Htet Wai Lin (Elevate Education) 
                                Please also join “Study in Thailand for Myanmar Students” 
Facebook
                                    Group  
                                Please feel free to contact
                                
                                Elevate Education via 
                                Email : connect@edusnglobal.com 
                                Line : +66832175921 
                                Whatsapp : +66832175921 
                                Viber : +66832175921 
                                Telegram : +66832175921
                            
 
                                         
                                         
                                         
                                         
                                         
                                         
                                         
                                        Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ