 
                            
                                ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံ ရဲ့ MBA programတွေ အကြောင်းပါ။ Master of Business
                                Administration programတွေကို တော့ ထိုင်းနိုင်ငံ ရဲ့ ထိပ်တန်း University တွေဖြစ်တဲ့
                                
                                Chulalongkorn University 
                                Mahidol University
                                Thammasat University
                                National Institute of Development Administration (NIDA)
                                Bangkok University (private)
                                Assumption University(private)
                                Stamford International university(private)စသည့် တက္ကသိုလ်များနဲ့ တစ်ခြား နာမည်ရှိတဲ့
                                University တွေမှာ တက်ရောက်နိုင်ပါတယ်။
                                
                                ပထမဆုံးအနေနဲ့ Chulalongkorn University ရဲ့ MBA programအကြောင်းလေးရှင်းပြပါမယ် ။
                                ဒီProgramဟာဆိုရင်တော့ Sasin School of Managemet အောက်ကနေ သင်ယူရမှာဖြစ်ပြီး international
                                student တွေအတွက် Full time program နှင့် Part time program ဆိုပြီးရှိပါတယ်။ Full time
                                တွက် ၁နှစ်ခွဲလောက်ကြာမြင့်မှာဖြစ်ပြီး Part time တွက်ဆိုရင် ၂နှစ်ကြာမြင့်မှာဖြစ်ပါတယ်။
                                programတွက် Dual MBA & Master of engineering degree ကိုရရှိမှာဖြစ်ပါတယ်။
                                ကုန်ကျစရိတ်အနေနဲ့ကတော့ Programတစ်ခုလုံးစာအတွက် ပျှမ်းမျှ ဒေါ်လာ ၁၀၀၀၀နီးပါး
                                ကုန်ကျနိုင်ပါတယ်။
                                
                                Chulaအကြောင်းပြောပြီး ပြီဆိုတော့ Mahidol University မှာ MBAတက်မယ်ဆိုရင်ရော
                                ဘယ်လိုတက်လို့ရနိုင်မလဲ ဆိုတာကိုပြောပြပေးပါမယ်။
                                Mahidol မှာ MBAတွက်ဆိုရင် ၂နှစ်နီးပါးတက်ရမှာဖြစ်ပြီးတော့ ကုန်ကျစရိတ်အနေနဲ့ကတော့
                                တစ်နှစ်ကို ပျှမ်းမျှ ဒေါ်လာ ၇၀၀၀ကျော်လောက်ရှိပါတယ်။
                                
                                ထိုင်းနိုင်ငံ ရဲ့ Local rank 8ရှိတဲ့ Thammasat university-Thammasat Business School
                                မှာဆိုရင်တော့
                                
                                Global MBA full time (GEMBA)
                                MBA part time
                                XMBA part time
                                MBA-HRM part timeစတဲ့ Programတွေသင်ယူလို့ရပါတယ်။ GEMVA တွက်ဆိုရင် အချိန်
                                တစ်နှစ်ခွဲကြာနိုင်ပြီ ကုန်ကျစရိတ်အနေနဲ့က Programတစ်ခုလုံးစာအတွက်ပျှမ်းမျှ ဒေါ်လာ
                                ၂၀၀၀၀ကျော်ကုန်ကျနိုင်ပါတယ်။ကျန် part time programတွေတွက်ဆို ၂နှစ်ကြာပြီး
                                တစ်နှစ်ကိုပျှမ်းမျှဒေါ်လာ ၂၀၀၀ကျော် ကုန်ကျနိုင်ပါတယ်။
                                
                                MBA programတွေကို ထိုင်းနိုင်ငံရဲ့ Private Universityတွေမှာတက်မယ်ဆိုရင်
                                
                                Private university တစ်ခုဖြစ်တဲ့ Bangkok university မှာဆိုရင်လည်း MBA programတွက် 2 year
                                thesis နဲ့ 1 year non thesis planဆိုပြီးရှိပါတယ်။ ကုန်ကျစရိတ်အနေနဲ့ကတော့
                                Programတစ်ခုလုံးအတွက် ပျှမ်းမျှ ဒေါ်လာ၆၀၀၀ကျော်ကုန်ကျနိုင်ပါတယ်။
                                
                                Assumption university ရဲ့ MBA programမှာဆိုရင်လည်း
                                
                                MBA Fast track
                                MBA Digital Track
                                Smart MBA program
                                MBA creative communication
                                MBA Music Business
                                MBA (Hospitality and tourism Management)
                                စတဲ့ Programတွေရှိပီး နှစ်နှစ်နီးပါးကြာမြင့်နိုင်ပါတယ်။ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်နှစ်က်ု
                                ပျှမ်းမျှ ဒေါ်လာ ၈၀၀၀ ကျော်ကုန်ကျပါလိမ့်မယ်။
                                
                                နောက်ဆုံးအနေနဲ့ Private university တစ်ခုဖြစ်တဲ့ Stamford international universityရဲ့ MBA
                                programအကြောင်ကိုရှင့်ပြပေးပါမယ်။ ဒီကျောင်းမှာဆိုရင်လည်း Full time 1 year programနဲ့ 2
                                year part time prgramဆိုပြီးရှိပါတယ်။ Full time programတွက်ဆိုပျှမ်းမျှ
                                ဒေါ်လာ၁၀၀၀၀ကျော်ကုန်ကျနိုင်ပြီး Part time programတွက်ဆိုရင်တော့ တစ်နှစ်ကိုပျှမ်းမျှ
                                ဒေါ်လာ၈၀၀၀ကျော်ကုန်ကျနိုင်ပါတယ်။
                                
                                ဒီProgramတွေကိုလျှောက်ဖို့ဆို ဘာတွေ လိုအပ်လည်းဆိုတာကိုတော့ ကျွန်တော်တို့
                                ရှေ့တစ်ခေါက်ကရှင်းပြခဲ့တဲ့ Article
                                (ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ဘယ်လိုပြင်ဆင်ရမလဲကုန်ကျစရိတ်တွေ
                                ဘယ်လောက်လောက်ရှိနိုင်မလဲ?)   ဒီနေရာမှာ
                                     ဖတ်နိုင်ပါတယ်။
                                
                                Written by : Htet Wai Lin (Elevate Education) 
                                Please also join “Study in Thailand for Myanmar Students” 
Facebook
                                    Group 
                                
                                အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
                                Education
                                Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ EDUSN
                                Global က လက်ရှိမှာ အခမဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်။ Please feel free to contact
                                Elevate Education via
                                
                                Email : connect@edusnglobal.com 
                                Line : +66832175921
                                Whatsapp : +66832175921
                                Viber : +66832175921
                                Telegram : +66832175921 
                            
 
                                         
                                         
                                         
                                         
                                         
                                         
                                         
                                        Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ