 
                            
                                ထိုင်းနိုင်ငံရဲ့ Engineering ဘာသာရပ်အတွက် ဘွဲ့ကြို၊ ဘွဲ့လွန် မဟာတန်း သင်တန်းတွေအကြောင်း
                                
                                ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Universities တွေမှာ တက်လို့ရနိုင်တဲ့ Engineering
                                programတွေအကြောင်းကို အနည်းငယ်ရှင်းပြချင်ပါတယ်။
                                
                                ပထမတစ်ခုအနေနဲ့ King Mongkut's University ရဲ့ Engineering
                                Programတေအကြောင်းပြောပြပါမယ်။ဒီကျောင်းမှာဆိုရင် တော့ Faculty of engineering
                                programအောက်မှာတက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့
                                
                                Automation Engineering
                                Chemical Engineering
                                Civil Engineering
                                Computer Engineering
                                Electrical Communication andElectrical Engineering
                                Electrical Engineering
                                Electronics and Telecommunication Engineering
                                Environmental Engineering စသည့် international programများနှင့်
                                
                                Faculty of Industrial Education and Technology အောက်မှာဆိုရင်တော့
                                
                                Industrial Technology(Civil)
                                Industrial Technology(Electrical)
                                Industrial Technology(Mechanical)
                                Industrial Technology(Production)
                                Electrical engineering
                                Mechanical Engineering
                                Production Engineering
                                Computer and Information Technology စသည့် engineering
                                programပေါင်းများစွားကိုသင်ကြားနိုင်မှာ ဖြစ်ပြီးတော့ master Programတွေပါ
                                သင်ကြားနိုင်ပါတယ် ။
                                
                                ဘွဲ့ကြိုတန်းများအတွက် တစ်နှစ်ကိုကျောင်းစရိတ် ပျှမ်းမျှ အနည်းဆုံးဒေါ်လာ၁၀၀၀ကနေ
                                ၅၀၀၀ကျော်ထိကုန်ကျနိုင်ပါတယ်။
                                
                                Master level တွက်ဆိုရင်တော့ ကျောင်းစရိတ်အနေနဲ့ တစ်နှစ်ကို ပျှမ်းမျှ အနည်းဆုံး ဒေါ်လာ
                                ၁၀၀၀ကျော် ကနေ ၄၀၀၀ထိကုန်ကျနိုင်ပါတယ်။ မိမိတက်ရောက် တဲ့ Programပေါ်မူတည်ပြီး
                                သင်ထောက်ကူကြေးများစသဖြစ် ကုန်ကျစာရိတ် ပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ဒီProgramတွေတွက်
                                Scholarship programတွေလည်းရှိပါတယ်။
                                
                                Programတွေကို တက်ဖို့ အဓိက လိုအပ်တာတေကတော့Undergraduate programအတွက်ဆိုရင်
                                အထက်တန်းအောင်ထားရမှာဖြစ်ပြီးတော့ အစိုးရကျောင်းမပြီးသေးသူတွေ အတွက်က
                                တစ်ခြားနိုင်ငံတစ်ကာအသိမှတ်ပြုစာမေးပွဲတွေဖြစ်တဲ့ GED/IGCSE
                                အောင်လတ်မှတ်တွေရှိထားရမှာပဲဖြစ်ပါတယ် ။
                                
                                master programတွေတွက်ဆိုရင် University တစ်ခုခုကနေ ဘွဲတစ်ခုရထားရမှာဖြစ်ပြီးတော့
                                လုပ်ငန်းအတွေ့ကြုံလည်းရှိထားဖို့လိုပါတယ် ။ Programတစ်ခုနဲ့တစ်ခုအတွက် လိုအပ်တဲ့ Critiaတွေ
                                ကွာခြားနိုင်ပါတယ်
                                Laguage proficiency test score အနေနဲ့ကတော့ IELTS overall band score 5.0အထက် TOEFL score
                                500အထက် ရှိထားရပါမယ်။ ဒါတွေမရှိဘူးဆိုရင်တော့ ကျောင်းကစစ်တဲ့ Laguage test
                                တွေကိုဖြဆိုရမှာပဲဖြစ်ပါတယ်။
                                
                                Mahidol University မှာဆိုရင် လည်း Engineering program အတွက်ဆို
                                
                                Computer engineering
                                Engineering in biomedical စသည့် International programတွေကို Undergaduate and graduate
                                levelအတွေတွက်တက်ရောက်နိုင်ပါတယ်။ ဘွဲ့ကြိုတန်းများအတွက် ကျောင်းစရိတ်ကုန်ကျမှုမှာတော့
                                တစ်နှစ်ကိုပျှမ်းမျှ ဒေါ်လာ၈၀၀၀ကျော်ရှိပါတယ်။ Master program တွက်ဆိုရင်တော့တစ်နှစ်ကို
                                ပျှမ်းမျှ ဒေါ်လာ ၁၀၀၀၀ခွဲလောက်ကုန်ကျနိုင်ပါတယ်။ အဓိကလိုအပ်ချက်တွေကတော့
                                အထက်တန်းအောင်မြင်ပြီးဆုံးထားရမှာ ဖြစ်ပါတယ်။ မပြီးဆုံးသေးတဲ့ သူတွေကတော့
                                GEDဖြေဆိုအောင်မြင်ထားရမှာဖြစ်ပါတယ် Languange test scoreအနေနဲ့ကတော့ IELTS overall
                                6.00အထက်ရှိရမှာဖြစ်ပါတယ်။
                                
                                ဒါအပြင် Engineering programကိုတက်နိုင်တဲ့ Universities တွေကတော့
                                
                                Chulalongkorn University
                                Asumption University
                                Khon Kaen University
                                Thammaat University
                                Siam University(private)
                                Rangsit University(private) စသည့် Universityတွေလည်းရှိပါသေးတယ်။
                                
 Written by : Htet Wai Lin (Elevate Education) 
                                Please also join “Study in Thailand for Myanmar Students” 
Facebook
                                    Group 
                                
                                အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
                                Education
                                Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ EDUSN
                                Global က လက်ရှိမှာ အခမဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်။ Please feel free to contact
                                Elevate Education via
                                Email : connect@edusnglobal.com 
                                Line : +66832175921
                                Whatsapp : +66832175921
                                Viber : +66832175921
                                Telegram : +66832175921 
                            
 
                                         
                                         
                                         
                                         
                                         
                                         
                                         
                                        Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ