 
                            
                                ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ဘယ်လိုပြင်ဆင်ရ မလဲ ကုန်ကျစရိတ်တွေ
                                ဘယ်လောက်လောက်ရှိနိုင်မလဲ?
                                
                                ထိုင်းမှာ ပညာသင်တော့မယ်ဆိုရင် Undergraduate Degree ပဲ တက်တက် Master Degreeပဲတက်တက်
                                ဘာတွေလိုလဲ ဘာတွေပြင်ဆင်ရမလဲ ဘယ်လောက်ကုန်ကျနိုင်မလဲဆိုတာကို ဒီတစ်ခေါက် ဆွေးနွေးပါမယ်။
                                
                                ပထမတစ်ချက်အနေနဲ့ Programတွေကိုမလျှောက်ခင်မိမိ ဘက်က ဘာတွေပြင်ဆင်ထာရမလဲဆိုတာက မိမိတက်မဲ့
                                Degree levelပေါ်မူတည်ပါတယ်။ ကိုယ်က Undergraduate Degree တက်ဖို့ စီစဉ်နေတယ်ဆိုရင်
                                ၁၂တန်ပညာရေး ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွက် ဆိုရင် အများသောအားဖြစ် University
                                ဒုတိယနှစ်တက်မြောက်ထားသူဖြစ်ရပါမယ်။ ဆယ်တန်းမအောင်မြင်သေးတဲ့သူတွေအတွက်ကတော့
                                ၁၂တန်းအတန်းပညာရေးနဲ့ ညီမျှတဲ့ နိုင်ငံတကာအသိမှတ်ပြုစာမေးပွဲများဖြစ်တဲ့ GED,IGCSE
                                အောင်လက်မှတ်များရှိထားရမှာဖြစ်ပါတယ် ။ ဒုတိယတစ်ခုအနေနဲ့ကတော့ English level test
                                တစ်ခုခုကိုဖြေဆိုထားရမှာဖြစ်ပါတယ်။
                                
                                ဒါဆို Graduate Degree တွက်ဆိုရင်ဘာတွေပြင်ဆင်ထားရမလဲ?
                                University တစ်ခုခုကနေ ဘွဲ့ တစ်ခုခုရရှိထားရမှာဖြစ်ပြီး ကိုယ်က နယ်ပယ်မတူတဲ့ Master
                                programကိုလျှောက်တော့မယ် ဆိုရင် လုပ်ငန်း အတွေ့ကြုံ ရှိထားရမှာဖြစ်ပြီးတော့ English level
                                test တစ်ခုခုကိုလည်းဖြဆိုထားရမှာဖြစ်ပါတယ်။
                                
                                ဒါဆို Degree Levelအလိုက် ဘာတွေ လိုအပ်မလဲဆိုရင်
                                
                                Undergraduate တွက်
                                
                                High School Diploma and other equivalent High school diploma (GED or IGCSE)
                                High School diploma transcripts
                                Language proficiency test score(IELTS 6.0 overall score and TOEFL iBT 69 ဒါက Mahidol လို
                                University မှာတက်မယ်ဆိုရင် အဲ့အမှတ်တွေ အနည်းဆုံးရှိထားရမှာဖြစ်ပါတယ်။ တစ်ချို့ University
                                တွေက တော့ Language proficiency test အတွက် ကျောင်းကဖြေဆိုခိုင်းတဲ့ စာမေးပွဲတွေရှိပါတယ်
                                တစ်ချို့ကျောင်းတွေအတွက်တော့ IELTS overall score 5.5 အထက်ရှိရင် လက်ခံကြပါတယ်။
                                
                                Application or registration form
                                Passport photo of the biographical page
                                Student visa or residence permit
                                300-500 word essay on the topic of your choice
                                Two letters of recommendation from professional colleagues နှင့် GPA 3.0
                                အထက်ရှိရမှာဖြစ်ပါတယ်။
                                
                                Master Degree အတွက်ဆိုရင်တော့
                                
                                Proof of previous degree certificates and transcripts
                                Working experiences with resume
                                Language proficiency test score(IELTS overall 6.o to 6.5,TOEFL iBT 80အထိရှိရမှာ
                                ဖြစ်ပါတယ် တစ်ချို့ ကျောင်းတွေဆိုရင် တော့ IELTS overall 5.5 အထက်ဆိုလက်ခံကြပါတယ်
                                Application or registration form
                                Passport photo of the biographical page
                                Student visa or residence permit
                                600-800 word essay in your specialization
                                Two letters of recommendation from professional colleagues နှင့် GPA 3.0
                                အထက်ရှိရမှာဖြစ်ပါတယ်။
                                
                                ကုန်ကျစရိတ်အနေနဲ့ကတော့ တစ်နှစ်ကိုTuition fees ပျှမ်းမျှ ဒေါ်လာ ၁၀၀၀-၂၀၀၀ ကနေ ၄၀၀၀
                                ထိရှိပါတယ် ထိုင်းနိုင်ငံရဲ့ နေထိုင်စားသောက်မှု စရိတ်ကတော့ အရမ်းမများတဲ့
                                အခြေနေမှာရှိပါတယ် ဒီ ကုန်ကျစရိတ်အတွက်ကတော့ မိမိရဲ့ နေထိုင်မှု ပုံစံပေါ်မှာပဲမူတည်ပါတယ်။
                                
                                MBA နဲ့အခြား စီးပွားရေးမဟာဘွဲ့တွေ ထိုင်းနိုင်ငံမှာ တက်မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ၊
                                ဘယ်တက္ကသိုလ်တွေရှိလဲ၊ ဘယ်လိုကျောင်းနဲ့ မေဂျာကိုရွေးချယ်သင့်သလဲ စတာတွေကို
                                တင်ပြပေးပါဉီးမယ်။
                                
                                Written by : Htet Wai Lin (Elevate Education) 
                                Please also join “Study in Thailand for Myanmar Students” 
Facebook
                                    Group 
                                
                                အခြား ဘာသာရပ်နဲ့ သင်ယူနိုင်မယ့် ထိုင်းနိုင်ငံတက္ကသိုလ်တွေ သိရှိနိုင်ဖို့ Elevate
                                Education
                                Facebook page ကို follow လုပ်ထားနိုင်ပါတယ်။ ထိုင်းနိုင်ငံမှာ ပညာသင်ဖို့အတွက်လဲ EDUSN
                                Global က လက်ရှိမှာ အခမဲ့ လက်ခံဆောင်ရွက်ပေးနေပါတယ်။ Please feel free to contact
                                Email : connect@edusnglobal.com 
                                Line : +66832175921
                                Whatsapp : +66832175921
                                Viber : +66832175921
                                Telegram : +66832175921 
                            
 
                                         
                                         
                                         
                                         
                                         
                                         
                                         
                                        Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ