img
img

ဒီတခါမှာတော့ PassionRise ကနေ ထိုင်းနိုင်ငံရဲ့ တတိယမြောက် သက်တမ်းအရင့်ဆုံးဖြစ်တဲ့ နာမည်ကြီး Kasetsart University ရဲ့ Graduate Scholarship လေးအကြောင်း မျှဝေပေးချင်ပါတယ်။


ဒီတခါမှာတော့ PassionRise ကနေ ထိုင်းနိုင်ငံရဲ့ တတိယမြောက် သက်တမ်းအရင့်ဆုံးဖြစ်တဲ့ နာမည်ကြီး Kasetsart University ရဲ့ Graduate Scholarship လေးအကြောင်း မျှဝေပေးချင်ပါတယ်။

Kasetsart University ရဲ့ ဝင်ငွေကနေ ထောက်ပံ့ပေးထားပြီး "Fifteen Million Baht of the Scholarship" လို့ ခေါ်ပါတယ်။ ဒီ Scholarship ကို နိုင်ငံတကာက ဘွဲ့လွန်ကျောင်းသားတွေကို သုတေသန အတွေ့အကြုံတွေ၊ နိုင်ငံတကာ ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခြင်းတွေကို တဖက်တလမ်းကနေ ကူညီထောက်ပံ့ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ပေးတာပါ။

Scholarship benefit တွေကတော့

- Master degree ကျောင်းသားတွေအတွက် 1 လကို 8,000 Baht ဖြစ်ပါတယ်။ Student ID 65 နဲ့ စတဲ့ ကျောင်းသားတွေကိုတော့ Scholarship duration ဟာ Program ကာလ 2 နှစ်ထက် ပိုမပေးပါဘူး။ Students ID 64 ဆိုရင် Duration က 3 နှစ်အောက်ကို လျော့ချပြီး ပေးသွားမှာပါ။

-Doctoral degree ကျောင်းသားတွေအတွက်က 1 လကို 10,000 Baht ပေးပြီး Scholarship duration က Student ID 65 နဲ့စရင် ပုံမှန် Program ကာလ 3 နှစ်ပဲပေးပါတယ်။ Student ID 63&64 နဲ့စရင်ကျ 3 နှစ်အောက်ကို လျော့ပေးပါတယ်။

Requirementsတွေကတော့ University မှာ ကိုယ်လိုချင်တဲ့ Program ပေါ်မူတည်ပြီး အသေးစိတ် ပြင်ဆင်ရတာ ဖြစ်ပါတယ်။

နောက် ဒီ Scholarship က International students တင်မဟုတ်ဘဲ Thesis Advisor ကိုပါ တွဲခေါ်တဲ့ Scholarship ဖြစ်ပါတယ်။

ဆိုတော့ လျှောက်ထားသူရဲ့ရှိရမယ့် အရည်အချင်းတွေက

🔶Main Thesis Advisor လုပ်ဆောင်ဖို့ အရည်အချင်းရှိတဲ့ Graduate Professor ဖြစ်ရပါမယ်။ Professor's graduation ပြီးဆုံးဖို့ရာ ရေးမထားရသေးတဲ့ 2018 တုန်းက International journals in ISI (Web of Science) or SCOPUS database တွေ ရှိရပါမယ်။ နောက် အသက် 58 နဲ့ 60 အတွင်းက Professor တွေက Department Head ရဲ့ သဘောတူညီချက်နဲ့ သူတို့ ကျောင်းသားတွေ ဘွဲ့ရပြီးသည်ထိ အသုံးအဆောင်နဲ့ နေစရာ ရရှိနိုင်ပါတယ်။

*Main Thesis Advisor အနေနဲ့ ကျောင်းသားကို ဘွဲ့ရသည်ထိ ကူညီပေးပြီး သူတို့ရဲ့ Thesis တွေ International Journal မှာ ထုတ်ဝေဖို့ရာ ပံ့ပို့ပေးရပါမယ်။

🔶International Student တွေအနေနဲ့ Thesis-Oriented Program သင်ယူရမှာဖြစ်ပြီး ဌာနကနေ ပေးအပ်တဲ့ Tuition fee support or waiver ရပါမယ် အပြည့်တော့ မဖြစ်နိုင်ပါဘူး။

Master သမားတွေအတွက်က 2021 first semester ကနေဆက်ပြီး သင်ယူဖို့ Approve ရပြီး Doctoral degree အတွက်က 2022 first semester ကနေ ဆက်သင်ယူရပါမယ်။

Scholarship လျှောက်လိုတဲ့ ကျောင်းသားနဲ့ Professor တွေ အနေနဲ့ သတ်မှတ်ထားတဲ့ Application forms and documents တွေကို Pdf အဖြစ်ပြောင်း Professor နဲ့ Students ရဲ့ Documents တစ်ခုစီ ခွဲပြီး August 19 နောက်ဆုံးထား Submit ရပါမယ်။

*Application form ကလည်း Lecturer အတွက် Student အတွက် ဆိုပြီး ရှိပါတယ်။

Double or Joint degree program အတွက်ကော Scholarship ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ Linkက New Scholarship မှာ သေချာဖတ်ရှုနိုင်ပါတယ်ရှင်။

https://www.grad.ku.ac.th/en/scholarships/

လျှောက်မယ့်သူ အားလုံးပဲ ကံကောင်းကြပါစေရှင် ☘️

🙋‍♂️ Scholarship ရရှိသော ကျောင်းသားများအနေဖြင့် PassionRise မှ visa, flight, life insurance နှင့် အခြား pre-departure ဝန်ဆောင်မှုများ ကို ဝန်ဆောင်ခပေးစရာမလိုဘဲ စီစဉ်ပေးပါတယ်။

📌 PassionRise မှာ ဘာတွေလုပ်ဆောင်နိုင်မလဲ

(၁) ထိုင်းနိုင်ငံတက္ကသိုလ်ပညာရေးနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခြင်း (အခမဲ့)

(၂) မေဂျာရွေးခြင်း၊ career consulting နှင့် အခြားပညာရေးဆိုင်ရာများ Education Consultant နှင့် တိုင်ပင်ဆွေးနွေးခြင်း (Online or at the office) (အခမဲ့)

(၃) ထိုင်းနိုင်ငံ မည်သည့်တက္ကသိုလ်မဆို ကျောင်းလျှောက်ပေးခြင်း၊ ကျောင်းလျှောက်ရန် application fee သွင်းခြင်း ငွေသွင်းခြင်း (အခမဲ့)

(၄) ကျောင်းသားများ ကျောင်းသားမိဘများ ထိုင်းနိုင်ငံသို့ ငွေလွှဲခြင်း (အခမဲ့)

(၅) Student visa လျှောက်ခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်း၊ Insurance ဝယ်ခြင်း (PassionRise နှင့် လျှောက်သော ကျောင်းသားများ အခမဲ့)

ကျောင်းလျှောက်ခြင်းနှင့် အခြားမေးမြန်းဆွေးနွေးလိုသည်များ ရှိပါက messenger ကဖြစ်စေ သို့မဟုတ် ဖုန်းနံပါတ် 09255300083 သို့ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ပါတယ်။

📍ရုံးလိပ်စာ - အမှတ် (၆၀)၊ (၄) လွှာ၊ ရတနာ သုခလမ်း (သီရိမဂ်လာလမ်းမှတဆင့်)၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

Phone - 09255300083

Viber, Telegram, Line, Whatsapp: +66832175921

email : hello@elevateasia.net

Comments

Study Abroad အတွက် သီးသန့်တိုင်ပင်ဆွေးနွေးရန်

Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ