img
img

Your network is your net worth


Your network is your net worth ဆိုတဲ့ စကားရှိတယ်။ Porter Gale, Marketer ပြောတာပါ။ ကိုယ်တိုးတက်အောင်မြင်ဖို့က ကိုယ်တည်ဆောက်ထားတဲ့ professional network နဲ့တိုက်ရိုက်နီးပါးဆိုင်တယ်လို့ပြောလို့ရပါတယ်။ ဆိုတော့ လူငယ်တွေအနေနဲ့ Professional network တည်ဆောက်ဖို့ ဘဝရဲ့ အစောဆုံးကတည်းက တည်ဆောက်သင့်ပါတယ်။ တက္ကသိုလ်တက်နေစဉ်မှာ Networking လုပ်တာဟာ အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်။ နယ်ပယ်တစ်ခုမှာအောင်မြင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေကိုတောင် ကိုယ်က တက္ကသိုလ်ကျောင်းသားပါ မိတ်ဆွေဖွဲ့ပါရစေ၊ သိချင်တာလေးတွေမေးပါရစေဆိုရင် တက္ကသိုလ်ကျောင်းသာဆိုရင် လူတွေက ကူညီပေးချင် ဖေးမချင်ပါတယ်။ ဒီလို အခွင့်အရေးမျိုး တက္ကသိုလ်တက်စေချင်ဆက်ကြားမှာဘဲ ရတက်ပါတယ်။ ဒါဆို Neworking ဆိုတာ ဘာလဲ ဘယ်လို တည်ဆောက်ရမလဲဆိုတာ PassionRise ရဲ့ team member တစ်ယောက်ဖြစ်တဲ့ Rachel ရေးထားတဲ့ဆောင်းပါးတိုကို ဖော်ပြပေးလိုက်ပါတယ်။

=====

Networking ဆိုတာ ဒီဘက်ခေတ်မှာ အတော်လေး အသုံးများလာတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။

ဆိုတော့ Networking ဆိုတာ ဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ ဘယ်လို Networking လုပ်လို့ရမလဲ။

Networking ဆိုတာဟာ တခြားသူတွေနဲ့ အသိပညာတွေ ဖလှယ်ဖို့ မိတ်ဆွေဖွဲ့ ပေါင်းသင်းခြင်းပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ကိုယ့် Career လမ်းကြောင်းအတွက် ဒါမှမဟုတ် အလုပ်အတွက် အဆင်ပြေချောမွေ့စေဖို့ Network ကောင်းဆိုတာ မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြစ်လူငယ်တွေပါ။

လူငယ်တွေဟာ အချိန်တန်ရင် လစာရဖို့ရာ၊ ပညာနဲ့ အလုပ်လုပ်ဖို့ရာ University or College မှာ Bachelor ဘွဲ့အတွက် ယေဘုယျအားဖြင့် အနည်းဆုံး လေးနှစ်ကြာ ပညာသင်ယူကြရပါတယ်။

တကယ်တော့ College တက်တယ်ဆိုတာ သူငယ်ချင်းတွေနဲ့ တွေ့တာ၊ အတန်းတက်တာ၊ စာမေးပွဲအတွက် ကြိုးစားရတာတွေထက် ပိုပါတယ်။ Networking ဆိုတာလည်းပဲ College ကတည်းက လုပ်ဆောင်နိုင်တဲ့ အရေးကြီးတဲ့ Action တစ်ခုပဲဖြစ်ပါတယ်။ အနာဂတ်မှာ ဒါမှမဟုတ် လတ်တလောမှာ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် ကူညီပေးနိုင်တဲ့ လူမှန်တွေနဲ့ တွေ့ဖို့ဆိုတာ အရေးကြီးပါတယ်။

College တက်နေစဥ်မှာ Networking အကြောင်း ပိုသိလေ၊ College ပြီးသွားတဲ့ အချိန်မှာ အနာဂတ်အတွက် ကောင်းမွန်တဲ့လမ်းကြောင်းတစ်ခုအတွက် ကြိုတင်ပြင်ဆင်ပြီးသားဖြစ်လေပါပဲ။ ကိုယ့်ရဲ့ Academic responsibilites တွေအပြင် အနာဂတ်မှာ လမ်းကြောင်း တစ်ခုရှာပြီး တိုးတက်နိုင်ဖို့ဆိုတာ ကိုယ့်အပေါ်မှာပဲ ကိုယ် မူတည်ပါတယ်။

လေ့လာချက်တွေအရ အလုပ်အားလုံးရဲ့ 85% ဟာ Networking ကနေ တဆင့် အလုပ်ရကြတာပါ။ College ကတည်းက Networking လုပ်ထားတာနဲ့ ရနိုင်တဲ့ အကျိုးအမြတ်တွေဆိုတာ မနည်းမနောပါပဲ။

ဘဝတစ်သက်တာ အကျိုးရှိစေမဲ့ Communication skill နည်းတူ Self confidence တည်ဆောက်ပြီးသားဖြစ်စေပါတယ်။ လူအသစ်တွေနဲ့ Network လုပ်တာ များလေ၊ ပေါင်းသင်းဆက်ဆံနည်းတွေ သိပြီး Confidence ရှိလာလေဖြစ်ပါတယ်။ လူတော်လူမှန်တွေနဲ့ ကောင်းမွန်တဲ့ Relationship တစ်ခုရှိထားတာဟာ ကိုယ်ရဲ့ အနာဂတ်အလုပ်အကိုင် အခွင့်အလမ်းအတွက် အကြံဉာဏ်ကောင်းတွေ ရနိုင်ပါတယ်။

တစ်နည်းအားဖြင့် Networking ကောင်းတစ်ခုကြောင့် ကိုယ့်ဘဝလမ်းကြောင်းအတွက် လမ်းပြပေးမဲ့ Mentor တွေလည်း ဖြစ်လာနိုင်တာပါပဲ။ နောက် ကိုယ့် Essay တွေ၊ Project တွေအတွက် အကြံဉာဏ်ကောင်းတွေ လိုချင်တယ်ဆိုတာ Networking သာလုပ်ထားပါ။

Networking က အရေးကြီးတာသိပြီဆိုတော့ Networking အတွက် ဘာတွေ လုပ်ရမလဲ ဆိုတဲ့ အချက်လေးတွေ ပြောပြပါမယ်။

1. ကျောင်းက Clubတွေထဲ ဝင်ပါ၊ Volunteer တွေလုပ်၊ အဆင်ပြေရင် Internship ဆင်းပါ။

ဒီလိုတွေ လုပ်ခြင်းအားဖြင့် ကိုယ်နဲ့ စိတ်ဝင်စားမှု နယ်ပယ်တူတဲ့ သူငယ်ချင်းတွေ ရလာမှာဖြစ်ပြီး နောင်တစ်ချိန်မှာ သေချာပေါက် အကျိုးရှိလာစေမှာ ကျိန်းသေပါပဲ။ နောက် ကိုယ့်ရဲ့ CV or resume မှာလည်း College involvement ဆိုပြီး ထည့်လို့ရပါတယ်နော်။ နောက် Online ကနေ Events တွေ တက်ရင်း မတူညီတဲ့ နေရာဒေသ၊ ကွဲပြားတဲ့ နယ်ပယ်က အသိတွေ တိုးလာနိုင်ပါတယ်။ အပြင်မှာလည်း လူချင်းတွေ့ Connect လုပ်နိုင်အောင် ကြိုးစားကြည့်ပါ။

2.Linkedln သုံးပါ။

Linkedln ဆိုတာ Networking အတွက်၊ အလုပ်အတွေ့အကြုံယူဖို့ အတွက် အတော်လေး အထောက်အကူပြုတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ကိုယ်လေးစားအားကျရတဲ့ Professional တွေကို Follow ထားပြီး ကိုယ့်ဘဝ Career အတွက် အခွင့်ကောင်းတွေ ရှာထားနိုင်ပါတယ်။ Linkedln အပြင် အခြားသော Social media တွေကနေလည်း ကိုယ်တော်ရင် တော်သလို Networking ဆိုတာ ရနိုင်ပါတယ်နော်။

3. နေ့စဉ် Networking ကိုတည်ဆောက်ပါ။

Networking ဆိုတာ တစ်နေရာတည်းမှာပဲ လုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ လမ်းသွားရင်း၊ ကော်ဖီဆိုင်ထိုင်ရင်း ဘယ်နေရာမှာမဆို မိတ်ကောင်းဆွေကောင်း တွေ့နိုင်ပါတယ်။ ကော်ဖီဆိုင်မှာ ခဏထိုင်စကားပြောခဲ့တဲ့ လူဟာ နောင်မှာ ကိုယ့်အလုပ်ရှင်ဖြစ်လာတာ၊ ကိုယ့်အတွက် အကောင်းဆုံးသော အကြံဉာဏ်တွေ ပေးလာနိုင်တယ်ဆိုတာ ဘသူမှ မသိနိုင်ပါဘူး။ ဆိုတော့ မိတ်ဆွေဖွဲ့ရမှာ၊ First move လုပ်ဖို့ရာ မကြောက်ပါနဲ့။

4.Network ကောင်းတွေကို ထိန်းသိမ်းပါ။

Network တွေအများကြီးတော့ လုပ်ထားပါရဲ့။ အကုန် အဆက်ပြတ်ကုန်ပြီဆိုပြီး မရပါဘူး။ ရေရှည်ထိန်းထားနိုင်ဖို့လည်း လိုပါသေးတယ်။ အဲ့အတွက် ကိုယ်ရဲ့ အချိန်တွေ Invest လုပ်ဖို့ လိုပါတယ်။ သူတို့နဲ့ စကားစမြည်လေးတွေ ပြောတာ၊ Dinner တူတူစားတာ၊ အဆက်အသွယ်မပြတ်ရှိနေတာ၊ လက်ဆောင်လေးတွေ ပေးတာ စတာတွေ လုပ်ပြီး Network ကောင်းတွေကို ရေရှည် ထိန်းသိမ်းထားရပါမယ်။

နောက်အပတ်မှာ တက္ကသိုလ်ကျောင်းသားတွေအတွက် ဘာကြောင့် Mentorship ကအရေးကြီးလဲ ဘာကြောင့် Mentor ရှိသင့်လဲဆိုတာ တင်ပြပေးပါမယ်။

=====

📌 PassionRise မှာ ဘာတွေလုပ်ဆောင်နိုင်မလဲ

(၁) ထိုင်းနိုင်ငံတက္ကသိုလ်ပညာရေးနှင့် ပတ်သက်ပြီး မေးမြန်းဆွေးနွေးခြင်း (အခမဲ့)

(၂) မေဂျာရွေးခြင်း၊ career consulting နှင့် အခြားပညာရေးဆိုင်ရာများ Education Consultant နှင့် တိုင်ပင်ဆွေးနွေးခြင်း (Online or at the office) (အခမဲ့)

(၃) ထိုင်းနိုင်ငံ မည်သည့်တက္ကသိုလ်မဆို ကျောင်းလျှောက်ပေးခြင်း၊ ကျောင်းလျှောက်ရန် application fee သွင်းခြင်း ငွေသွင်းခြင်း (အခမဲ့)

(၄) ကျောင်းသားများ ကျောင်းသားမိဘများ ထိုင်းနိုင်ငံသို့ ငွေလွှဲခြင်း (အခမဲ့)

(၅) Student visa လျှောက်ခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်း၊ Insurance ဝယ်ခြင်း (PassionRise နှင့် လျှောက်သော ကျောင်းသားများ အခမဲ့)

ကျောင်းလျှောက်ခြင်းနှင့် အခြားမေးမြန်းဆွေးနွေးလိုသည်များ ရှိပါက messenger ကဖြစ်စေ သို့မဟုတ် ဖုန်းနံပါတ် 09255300083 သို့ အချိန်မရွေး မေးမြန်းဆွေးနွေးနိုင်ပါတယ်။

📍ရုံးလိပ်စာ - အမှတ် (၆၀)၊ (၄) လွှာ၊ ရတနာ သုခလမ်း (သီရိမဂ်လာလမ်းမှတဆင့်)၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

Phone - 09255300083

Viber, Telegram, Line, Whatsapp: +66832175921

email : hello@elevateasia.net

Comments

Study Abroad အတွက် သီးသန့်တိုင်ပင်ဆွေးနွေးရန်

Education Consultant နှင့် အချိန်အောက်တွင် Book လုပ်ပေးပါ